Monday, January 23, 2012

၂၀၁၂ တရုတ်နှစ်သစ်ကူး ဒင်နာ အမှတ်တရ

တရုတ်နှစ်သစ်ကူးနေ့မတိုင်ခင်တစ်ရက်ဖြစ်တဲ့မန်နေဂျာကဒင်နာပေးပါတယ်မန်နေဂျုာ
 မိသားစုရယ်ရုံးကလူတွေရယ်ပေါ့။ညရနာရီမှဆိုတော့ညနေရုံးဆင်းပြီးတရေးအိပ်လိုက်သေးတယ်။
ရ နာရီမထိုးခင်မှာ လူစုံတာနဲ့ဘေဂျင်း တရုတ်စားသောက်ဆိုင်ကို ချီတက်ကြပါတော့တယ်။ ဘွတ်ကင်လုပ်ထားတဲ့စားပွဲမှာ ထမင်းမစားခင် အစာပြေအရင်ကြွေးတဲ့ တရုတ်လို (ကွေတောင်ရ်) လို့ခေါ်တဲ့ခေါက်ဆွဲကြော် အဲဒီခေါက်ဆွဲက မာလာဟင်းထဲထည့်စားတဲ့ခေါက်ဆွဲလိုမျိုး အပြားပိုကြီးတယ် အဲလိုမျိုးကို ကိုကြော်ထားတာ အတော်စားလို့ကောင်းတယ် ။စားလို့ကောင်းပေမဲ့ အများကြီးမစားရဲဘူး ဘာဟင်းမှမလာခင် ဗိုက်ပြည့်သွားမှာဆိုးလို့ :P    နောက် ရွှေဖရုံသီးမုံ့ အဲဒါလည်းအတော်ကောင်းတယ် နောက်တစ်မျိုးက ကောက်ညင်းကို မြေပဲတို့ဒိတ်သီးတို့နဲ့
အချိုထိုးထားပြီးအပေါ်ကနေသကြားရည်ပျစ်ပျစ်လောင်းထားတဲ့စားစရာတစ်မျိုး မြေပဲလှော် နေကြာစေ့
ချိုချဉ်နဲ့အသီးအနှံတွေအဲဒါတွေတော့လှည့်ကိုမကြည့်တာစားဖူးနေကြမို့အလကားဗိုက်အပြည့်မခံဘူး။
မြန်မာစားပွဲထိုးလေးက ဟင်းတွေချရတော့မလားလာမေးတယ် ၈ နာရီတောင်ရှိနေပြီ အိုကေပေါ့ မှာလိုက်တာနဲ့ရောက်လာပါပြီတမျိုးပြီး တမျိုးလာချတာ အားလုံး ၁၂ မျိုး ဗိုက်ဆာဆာနဲ့ တီးလိုက်တာ အတော်ကိုဗိုက်တင်းသွားတယ်စားပြီးတာနဲ့အားအင်တွေရှိလာကြတော့သီချင်းဆိုလိုက် စကားပြောလိုက်နဲ့ အချိန်တောင်အတော်ကုန်နေပြီသူတို့သီချင်းဆိုကောင်းနေတုန်း ဇော်မိုးဆန်းနဲ့ နောနော်ဖုန်းဆက်တယ်
ကလေးဆေးခန်းပြဖို့လာခေါ်မယ်ဆိုတာနဲ့ဘေဂျင်းကိုဘဲလာခေါ်ခိုင်းလိုက်တယ် ။အားလုံးကိုဟက်ပီးနယူးရီးယားလုပ်ပြီး ပြန်လာခဲ့တယ်။ဘယ်အချိန်အထိဒီလူတွေရှိနေအုန်းမလည်း
နောက်ထပ် ဒင်နာတွေမှာ ဘယ်သူတွေ ရှိနေအုန်းမလည်း ဘယ်သူမှ မသိနိုင်ဘူး ။မနှစ်က ဒီလိုဒင်နာမျိုးအနဲဆုံးစားပွဲဝိုင်း၅၀ိုင်းလောက်မှာရတာလူတွေလျှော့တာနဲ့ဒီနှစ်တော့တစ်ဝိုင်းနဲ့တင်လူစုံဘဲ
နှစ်ကူးပြန်တဲ့လူတွေပါတယ်ဆိုရင်တောင်တစ်ဝိုင်းပေါ့.သင်္ခါရပါဘဲ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာတဲ့။
ဒီနေ့စားခဲ့တဲ့ဘေဂျင်းကဟင်းတွေတင်ထားပါတယ် နောက်ပိုင်းမရောက်နိုင်တော့ရင်ပုံတွေနဲ့ အလွမ်းပြေ
စားလို့ရအောင်ပေါ့။








Thursday, January 19, 2012

ကျွန်မ ၁၃ ဂဏန်း နှင့် ဘလောဂ် စတင်သောနေ့

ဘလော့ဂ်တစ်ခု ဖန်တီးဖို့ အိမ်တွေမက်နေခဲ့တာလည်းအတော်ကို ကြာခဲ့ပေါ့။ တကယ်တမ်းရေးမယ်
ဆိုတော့ဘယ်က စရေးရမလည်း ဘာရေးရမလည်း စဉ်းစားရင်း မရေးဖြစ်ပြန်ဘူး။ နက်ဖြန်အလုပ်ပိတ်ရက်မို့ မိုးချုပ်မှအိပ်ရလည်း ပြဿနာမရှိတာမို့ ရေးဖြစ်အောင်ရေးမယ်ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
ကျမ အလုပ်လုပ်နေတဲ့ တိုင်းပြည်က သောကြာနေ့ တရက် သာအလုပ်ပိတ်ပါတယ်။ ကြာသာပ
တေးနေ့ညနေဆို ကွန်ပြူတာအိပ်ကိုတဖက်ကလွယ် နောက်ရက်ဝတ်မယ့်အ၀တ်အစားသွားတိုက်တံ စတဲ့ တိုလီမုတ်စထည့်
ထားတဲ့ အိပ်တဖက်ဆွဲလို့ကျမ အချိန်ဖြုန်းနေကျ မောင်လေးနဲ့ညီမလေး အိမ်ရှိရာကို တက္ကစီတစ်စီးနဲ့ ချီတက်
တော့ပါဘဲ။ဒီနေ့လည်း မသွားခင် ထုံးစံအတိုင်း အိမ်ခန်းထဲဝင် ကွန်ပြူတာကို ဒေါက်ခနဲဖွင့် မေးလ်တွေစစ်ပြီးတာနဲ့
ဖေ့စ်ဘုတ်နဲ့ ဘလော့ဂ် လမ်းလျှောက်လုပ်တော့တာပေါ့။ ကွန်ပြူတာဖွင့်ဖွင့်ခြင်း ရင်ခုန်ဖွယ် သတင်း
တပုဒ်ကို အရင် ဖတ်လိုက်မိတယ် ။နက်ဖြန် ဇန်န၀ါရီ၁၃ ရက်နေ့မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေကို
လွှတ်ပေးမယ် ဆိုတဲ့ သတင်း ကို ဖေ့စ်ဘုတ်မှာ MRTV4 က သတင်းကြေငြာထားတာကို သွားတွေ့မိတယ်။ အားလုံးက
မျှော်လင့်နေတဲ့ သတင်းမို့ သတင်းတွေအားလုံးဟာ မျှော်လင့်ချက်တွေနဲ့ တောက်ပလို့နေပါတယ်။သူငယ်ချင်းတွေ
ကလည်း ဖုန်းတဂွမ်ဂွမ်နဲ့ပေါ့ သတင်းတွေဖတ်ပြီးပြီလား ကြားပြီးပြီလား နဲ့ပေါ့လေ။ အဲဒီနေ့က ၂၀၁၂ ဇန်န၀ါရီလ
ကြာသာပတေး နေ့ ရဲ့ မင်္ဂရှိသော ညနေခင်းလေးပါဘဲ။
သူငယ်ချင်းမောင်လေးနဲ့ညီမလေးအိမ်ရောက်တော့လည်း စကားပြောလိုက် ကွန်ပြူတာသုံးလိုက်နဲ့ညနက်မှ
အိပ်ဖြစ်တယ် ။နောက်ရက်မိုးလင်းလင်းခြင်း ( တကယ်တော့ နေ့ခင်းတောင်ရောက်နေပါပြီ) ။မျက်စိနှစ်လုံးပွင့်တာနဲ့
ကွန်ပြူတာကို အရင်ပြေးဖွင့် သတင်းတွေလိုက်ရှာဖတ်လိုက်တာ အားပါး အတော် မင်္ဂလာရှိတဲ့ မနက်ခင်းပါဘဲ။
လွတ်ကုန်ပြီ အတော်များများကို လွတ်ကုန်ပြီ ကျေဇူးရှင်ကြီး ဗိုလ်ချုပ်ခင်ညွန့်တောင်ပါလိုက်သေး ။
သတင်းတွေ ဖတ်ပြီးတာနဲ့ ဘလော့ဂ်လုပ်ပေးမယ်လို့ ပြောထားဖူးတဲ့မောင်လေးကို ဒီနေ့ဘလော့ဂ်လုပ်ပေးဖို့
အကူအညီတောင်းရတော့တာပေါ့။ ချက်ခြင်းဘလော့ဂ်တစ်ခုဖန်တီးလိုက်တာ ဘာမှတောင်မကြာလိုက်ဘူး။
အင်း ဘလော့ဂ်တော့ ရပြီ ဘာရေးရမလည်း စဉ်းစားလိုက်တော့ ခေါင်းစဉ်ကိုတော့ ကိုယ့်ဖာသာအတော်
သဘောကျသွားတယ် ။ အနောက်နိင်ငံတွေမှာ FRIDAY ,13 ဆို အတော် ကံဆိုးတဲ့ နေ့လို့သတ်မှတ်ကြတယ်
မြန်မာနိုင်ငံမှာက ဒီနေ့ Friday , 13 ကတော့ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်စုံစည်းတဲ့နေ့
ကြယ်တွေ စုံတဲ့ နေ့မို့ ကံကောင်းတဲ့ မင်္ဂလာရှိတဲ့ Friday,13 ပါဘဲ ။ နောက်လူတွေ အတော်များများမေ့နေတဲ့
ဒီလို ၁၃ ရက်နေ့တစ်နေ့ ရှိနေသေးတယ်လေ။ အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတာက
နိုဝင်ဘာ ၁၃ ရက်နေ့ ပေါ့။ အဲဒီနေ့က ကျမမွေးနေ့ နဲ့ တိုက်ဆိုင်နေတာမို့ ဘယ်တော့မှ မမေ့နိင်တဲ့
နေ့တစ်နေ့အဖြစ် တည်ရှိနေခဲ့ပါတယ်။
မင်္ဂရှိသော ၁၃ ရက်နေ့လေးများကို ကျမဘ၀ မှာ အမှတ်တရ အမြဲ ရှိနေတော့မှာပါ ။