Thursday, January 19, 2012

ကျွန်မ ၁၃ ဂဏန်း နှင့် ဘလောဂ် စတင်သောနေ့

ဘလော့ဂ်တစ်ခု ဖန်တီးဖို့ အိမ်တွေမက်နေခဲ့တာလည်းအတော်ကို ကြာခဲ့ပေါ့။ တကယ်တမ်းရေးမယ်
ဆိုတော့ဘယ်က စရေးရမလည်း ဘာရေးရမလည်း စဉ်းစားရင်း မရေးဖြစ်ပြန်ဘူး။ နက်ဖြန်အလုပ်ပိတ်ရက်မို့ မိုးချုပ်မှအိပ်ရလည်း ပြဿနာမရှိတာမို့ ရေးဖြစ်အောင်ရေးမယ်ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
ကျမ အလုပ်လုပ်နေတဲ့ တိုင်းပြည်က သောကြာနေ့ တရက် သာအလုပ်ပိတ်ပါတယ်။ ကြာသာပ
တေးနေ့ညနေဆို ကွန်ပြူတာအိပ်ကိုတဖက်ကလွယ် နောက်ရက်ဝတ်မယ့်အ၀တ်အစားသွားတိုက်တံ စတဲ့ တိုလီမုတ်စထည့်
ထားတဲ့ အိပ်တဖက်ဆွဲလို့ကျမ အချိန်ဖြုန်းနေကျ မောင်လေးနဲ့ညီမလေး အိမ်ရှိရာကို တက္ကစီတစ်စီးနဲ့ ချီတက်
တော့ပါဘဲ။ဒီနေ့လည်း မသွားခင် ထုံးစံအတိုင်း အိမ်ခန်းထဲဝင် ကွန်ပြူတာကို ဒေါက်ခနဲဖွင့် မေးလ်တွေစစ်ပြီးတာနဲ့
ဖေ့စ်ဘုတ်နဲ့ ဘလော့ဂ် လမ်းလျှောက်လုပ်တော့တာပေါ့။ ကွန်ပြူတာဖွင့်ဖွင့်ခြင်း ရင်ခုန်ဖွယ် သတင်း
တပုဒ်ကို အရင် ဖတ်လိုက်မိတယ် ။နက်ဖြန် ဇန်န၀ါရီ၁၃ ရက်နေ့မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေကို
လွှတ်ပေးမယ် ဆိုတဲ့ သတင်း ကို ဖေ့စ်ဘုတ်မှာ MRTV4 က သတင်းကြေငြာထားတာကို သွားတွေ့မိတယ်။ အားလုံးက
မျှော်လင့်နေတဲ့ သတင်းမို့ သတင်းတွေအားလုံးဟာ မျှော်လင့်ချက်တွေနဲ့ တောက်ပလို့နေပါတယ်။သူငယ်ချင်းတွေ
ကလည်း ဖုန်းတဂွမ်ဂွမ်နဲ့ပေါ့ သတင်းတွေဖတ်ပြီးပြီလား ကြားပြီးပြီလား နဲ့ပေါ့လေ။ အဲဒီနေ့က ၂၀၁၂ ဇန်န၀ါရီလ
ကြာသာပတေး နေ့ ရဲ့ မင်္ဂရှိသော ညနေခင်းလေးပါဘဲ။
သူငယ်ချင်းမောင်လေးနဲ့ညီမလေးအိမ်ရောက်တော့လည်း စကားပြောလိုက် ကွန်ပြူတာသုံးလိုက်နဲ့ညနက်မှ
အိပ်ဖြစ်တယ် ။နောက်ရက်မိုးလင်းလင်းခြင်း ( တကယ်တော့ နေ့ခင်းတောင်ရောက်နေပါပြီ) ။မျက်စိနှစ်လုံးပွင့်တာနဲ့
ကွန်ပြူတာကို အရင်ပြေးဖွင့် သတင်းတွေလိုက်ရှာဖတ်လိုက်တာ အားပါး အတော် မင်္ဂလာရှိတဲ့ မနက်ခင်းပါဘဲ။
လွတ်ကုန်ပြီ အတော်များများကို လွတ်ကုန်ပြီ ကျေဇူးရှင်ကြီး ဗိုလ်ချုပ်ခင်ညွန့်တောင်ပါလိုက်သေး ။
သတင်းတွေ ဖတ်ပြီးတာနဲ့ ဘလော့ဂ်လုပ်ပေးမယ်လို့ ပြောထားဖူးတဲ့မောင်လေးကို ဒီနေ့ဘလော့ဂ်လုပ်ပေးဖို့
အကူအညီတောင်းရတော့တာပေါ့။ ချက်ခြင်းဘလော့ဂ်တစ်ခုဖန်တီးလိုက်တာ ဘာမှတောင်မကြာလိုက်ဘူး။
အင်း ဘလော့ဂ်တော့ ရပြီ ဘာရေးရမလည်း စဉ်းစားလိုက်တော့ ခေါင်းစဉ်ကိုတော့ ကိုယ့်ဖာသာအတော်
သဘောကျသွားတယ် ။ အနောက်နိင်ငံတွေမှာ FRIDAY ,13 ဆို အတော် ကံဆိုးတဲ့ နေ့လို့သတ်မှတ်ကြတယ်
မြန်မာနိုင်ငံမှာက ဒီနေ့ Friday , 13 ကတော့ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်စုံစည်းတဲ့နေ့
ကြယ်တွေ စုံတဲ့ နေ့မို့ ကံကောင်းတဲ့ မင်္ဂလာရှိတဲ့ Friday,13 ပါဘဲ ။ နောက်လူတွေ အတော်များများမေ့နေတဲ့
ဒီလို ၁၃ ရက်နေ့တစ်နေ့ ရှိနေသေးတယ်လေ။ အန်တီစု နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတာက
နိုဝင်ဘာ ၁၃ ရက်နေ့ ပေါ့။ အဲဒီနေ့က ကျမမွေးနေ့ နဲ့ တိုက်ဆိုင်နေတာမို့ ဘယ်တော့မှ မမေ့နိင်တဲ့
နေ့တစ်နေ့အဖြစ် တည်ရှိနေခဲ့ပါတယ်။
မင်္ဂရှိသော ၁၃ ရက်နေ့လေးများကို ကျမဘ၀ မှာ အမှတ်တရ အမြဲ ရှိနေတော့မှာပါ ။

No comments:

Post a Comment